Saturday, September 15, 2012
ဝင်းဂါး - အကယ်၍ ဆစ်ဂ်ညာ မပျော် ရွှင်ဘူးဆိုရင် ထွက်ခွာနိုင်ပါတယ်
အာဆင်ဝင်းဂါးအာဆင်နယ် နည်းပြ ၀င်းဂါးမှ အသင်း၏ အပြောင်းအရွှေ့ ပေါ်လစီနှင့် ပတ်သက်၍ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့် ဆစ်ဂ်ညာ၏ လုပ်ရပ်မှာ မှားယွင်းသည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းနောက်ခံလူနှင့် အာဆင်နယ် အသင်းတို့၏ အနာဂတ်မှာ မရေရာသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ၀င်းဂါးသည် ဆစ်ဂ်ညာ အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ရန် ယခုချိန်ထိ မျှော်လင့်ထား သော်လည်း ယင်း၏ ဝေဖန်မှုနှင့် ပတ်သက်၍ စိတ်အနှောက်အယှက် ဖြစ်မိကြောင်း ပြောဆိုခဲ့သည်။ “ဘယ်ကစားသမား ဘယ်အလုပ်သမား မဆို သူလုပ်တဲ့ အလုပ်ဖက်က ကာကွယ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်၊ အကယ်၍ အဲဒီအပေါ်မှာ မပျော်ရွှင်တော့ဘူး ဆိုရင်တော့ သူဟာ နောက်တစ်နေရာကို ပြောင်းရမှာပါ”ဟု ၀င်းဂါးမှ ပြောဆိုခဲ့သည်။ ၀င်းဂါးမှ ဆက်လက်၍ ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရသည့် ၀ီလ်ရှိုင်းယားသည် ပြန်လည် ကစားရန် အတွက် လွန်စွာ နီးကပ်သော အနေအထားသို့ ရောက်ရှိနေပြီဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
Friday, September 14, 2012
ရီးရဲလ် နှင့် စီရော်နယ်လ်ဒိုတို့ မည်သည့် ပြဿနာမှ မရှိဟု ကာဆီးလက်စ်ဖွင့်ဟ
ကစားဖော် နှစ်ဦး အတူတူ အောင်ပွဲခံနေကြစဉ်
ရီးရဲလ် အသင်းခေါင်းဆောင် ကာဆီးလက်စ်သည် အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်သူ စီရော်နယ်လ်ဒို အသင်းတွင် မပျော်မရွှင် ဖြစ်နေသည် ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။ အဆိုပါ သတင်းများသည် စီရော်နယ်လ်ဒိုမှ ၀မ်းနည်းနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ပျံ့နှံ့လာခဲ့သည့် သတင်းများ ဖြစ်သည်။ သို့သော်လည်း ကာဆီးလက်စ်မှ စီရော်နယ်လ်ဒိုသည် အသင်းနှင့် မည်သည့် ပြဿနာမှ မရှိဟု ယုံကြည်နေပြီး ယင်း၏ အမြင်နှင့် အသင်းမှ ကစားသမားတိုင်း၏ အမြင်မှ တူညီသည်ဟုလည်း ယုံကြည်နေကြောင်း သိရသည်။ “ခရစ္စတီယာနိုက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ဆီဗီးလားနဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားပါတယ် ကျွန်တော်တို့ ဒီထက်ပိုပြီး အမှတ်ဆုံးရှုံးလို့ မရတော့ပါဘူး အနိုင်ကစားရမှာပါ။ ခရစ္စတီယာနိုက မက်ဒရစ်မှ ဆက်နေရတာကို ပျော်ရွှင်နေမှာပါ ပရိသတ်တွေကလည်း သူရှိနေလို့ ပျော်ရွှင်နေမှာပါ”ဟု ကာဆီးလက်စ်မှ ပြောကြားခဲ့သည်။
အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်နေသည့် ရွန်းနီ
ဝိန်းရွန်နေ အား ကွင်းအတွင်းမှ ထမ်းစင်ဖြင့် ထမ်းထုတ်သွားစဉ်
မန်ယူ အသင်း၏ တိုက်စစ်မှူး ရွန်းနီသည် ယခုအခါတွင် အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ရွန်းနီသည် ယမန်နေ့က ပထမဆုံး အကြိမ်အဖြစ် လေ့ကျင့်ခန်း ပြုလုပ်လာနိုင်ခြင်း ဖြစ်သည်။ ရွန်းနီသည် အသင်း၏ ဆေးဝန်ထမ်းများ နှင့်အတူ ကြံ့ခိုင်မှု ပြန်လည် ရရှိရန် အတွက် ယခုတစ်ပတ်လုံး လေ့ကျင့်ခဲ့ပြီး ပြေးခြင်း၊ ဘောလုံးနှင့် အတူ ကစားခြင်း၊ လိမ်ခေါက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွန်းနီသည် မန်ယူ အသင်းနှင့် အတူ အပြည့်အ၀ လေ့ကျင့်ခန်း ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း နည်းပြ ဖာဂူဆန်မှ လာမည့် ဂါလာတာစရေး အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ယင်းအား အရံ ကစားသမား အဖြစ် ထည့်သွင်း အသုံးပြုနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
အာဆင်နယ် ကစားသမား များအား ဘာကာမှ ၀ယ်ယူနေခြင်းမှာ အသင်းအား ဂုဏ်ပြုခြင်းဖြစ်သည်ဟု ၀င်းဂါးပြောကြား
အာဆင်ဝင်းဂါး
ဘာစီလိုနာ အသင်းမှ အာဆင်နယ် ကစားသမား များအား အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းမှာ အသင်းအား ချီးမြှောက်ခြင်း ဖြစ်သည်ဟု ၀င်းဂါးမှ ယုံကြည်နေကြောင်း သိရသည်။ ဘာစီလိုနာ အသင်းသည် ပြီးခဲ့သော နှစ်ရာသီ အတွင်း အာဆင်နယ် အသင်း၏ ကွင်းလယ် ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့သည့် အသင်း ဖြစ်သည်။ ၀င်းဂါးမှ အာဆင်နယ် အသင်း၏ ကစားသမားများအား ဘာစီလိုနာ အသင်းက စိတ်ဝင်စား နေခြင်းမှာ ယင်း၏ ကစားသမားများသည် သေချာစွာ သင်ယူခဲ့သည့် ကစားသမားများ ဖြစ်ပြီး ဘာစီလိုနာ အသင်း၏ ကစားဟန်နှင့် လျှင်မြန်စွာ အံဝင်နိုင်သော ကစားသမားများ ဖြစ်သည်ဟု အဓိပ္ပာယ် သက်ရောက်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ “ဘာစီလိုနာ အသင်းက ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေကို စိတ်ဝင်စား နေပြီး ၀ယ်ယူနေတာက ကျွန်တော်တို့ကို ချီးမြှောက်တာပါပဲ။ အဲဒါက ကျွန်တော်တို့ ကစားသမားတွေဟာ သေချာစွာ သင်ယူခဲ့သူတွေလို့ သက်သေပြနေလို့ပါပဲ”ဟု ၀င်းဂါးမှ ပြောကြားခဲ့သည်။
Thursday, September 13, 2012
ခြေစစ်ပွဲအောင်မြင်ရန် ခရီးအရှည်ကြီး ကျန်နေသေးသည်ဟု ကာပယ်လိုဖွင့်ဟ
ကာပယ်လိုကမ္ဘာ့ဖလား ခြေစစ်ပွဲ၏ အုပ်စုအဖွင့် ပွဲစဉ်နှစ်ပွဲစလုံးတွင် အနိုင်ရရှိထား သော်လည်း ရုရှား အသင်းအတွက် ခြေစစ်ပွဲအောင်မြင်ရန် ခရီးအရှည်ကြီး ကျန်ရှိနေသေးကြောင်း ကာပယ်လိုမှ ပြောကြားခဲ့သည်။ ၀ါရင့်နည်းပြ တစ်ဦးဖြစ်သည့် ကာပယ်လိုသည် ရုရှားအသင်းအား အုပ်စုအဖွင့် ပွဲစဉ်များတွင် အမြင့်ဆုံး ရရှိနိုင်မည့် ရမှတ်ကို ရယူပေးထားနိုင်သူ ဖြစ်သည်။ သို့သော်လည်း ကာပယ်လိုမှ ရုရှားအသင်း၏ ယခုအောင်မြင်မှုများ အပေါ် သာယာနေခြင်း မရှိပဲ ဆက်လက်ဖြတ်သန်းရမည့် ခြေစစ်ပွဲစဉ်များ အတွက်သာ အာရုံစိုက်ထားကြောင်း သိရသည်။ “ကျွန်တော်တို့ အတွက် ခရီးအရှည်ကြီး ကျန်နေပါသေးတယ်”ဟု ကာပယ်လိုမှ ပြောကြားခဲ့သည်။
ဗန်ပါစီ ဒဏ်ရာရရှိခဲ့သည် ဆိုခြင်းကို ဗန်ဂါးလ်ငြင်းဆို
vangal
မန်ယူ အသင်း၏ တိုက်စစ်မှူး ဖြစ်သူ ဗန်ပါစီသည် ဟော်လန်အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၏ ပထမပိုင်းတွင် လူစားလဲခြင်း ခံခဲ့ရပြီး ပေါင်ဒဏ်ရာ ရရှိနေသည်ဟု သံသယ ဖြစ်နေကြသော်လည်း နည်းပြ ဗန်ဂါးလ်မှ ယင်းသတင်းများကို ငြင်းဆိုခဲ့ပြီး ယခုလို ပြုလုပ်ခြင်းမှာ ကြိုတ
င်ကာကွယ်မှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဗန်ပါစီသည် ဟန်ဂေရီ အသင်း၏ နောက်ခံလူ ဂျူဟတ်ဇ်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဟန်တယ်လာနှင့် လူစားလဲ ခံခဲ့ရခြင်း ဖြစ်သည်။ ဗန်ဂါးလ်မှ “ကျွန်တော်တို့ ဗန်ပါစီကို လူစားလဲခဲ့တာ ကြိုတင်ကာကွယ်မှု ပြုလုပ်တာပါ၊ ဘာမှကြီးကြီးမားမား ဖြစ်သွားတယ်လို့ မထင်ပါဘူး၊ ကျွန်တော်တို့ ဘာစွန့်စားမှုမှ မပြုလုပ်ချင်လို့ ဒီလိုလုပ်လိုက်တာပါ”ဟု ပြောကြားခဲ့သည်။
ဂျော်ဂျီယာအသင်း၏ နောက်တန်း ကစားဟန်အား ပြစ်တင်ပြောဆိုခဲ့သည့် ရာမို့စ်
ရာမိုစ့်ရာမို့စ်သည် ဂျော်ဂျီယာ အသင်းအား (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ပြိုင်ဘက်အသင်း၏ နောက်တန်း ကစားပုံနှင့် ဆိုးဝါးသော ကွင်းမျက်နှာပြင် အနေအထားကို အပြစ်တင် ပြောဆိုခဲ့သည်။ ရာမို့စ်မှ ဂျော်ဂျီယာ အသင်း၏ နောက်တန်း ကစားပုံနှင့် ဆိုးဝါးသော ကွင်းမျက်နှာပြင် အနေအထားကြောင့် ယခုလို ကျဉ်းမြောင်းသော အနိုင်ရလာဒ်သာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆနေခြင်းလည်း ဖြစ်သည်။ “ဂျော်ဂျီယာအသင်း ဘယ်လို ကစားမလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး၊ သူတို့အသင်းရဲ့ နောက်တန်း ကစားဟန်က ကျွန်တော်တို့ အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်၊ ပြီးတော့ ကွင်းအနေအထားကလည်း ကျွန်တော်တို့ရဲ့ ကစားဟန် အတွက် မကိုက်ညီခဲ့ပါဘူး”ဟု ရာမို့စ်မှ ပြောဆိုခဲ့သည်။ ယခုပွဲစဉ်၏ တစ်လုံးတည်းသော ဂိုးသွင်းရှင် ဆိုလ်ဒါဒိုကလည်း ရာမို့စ် ပြောဆိုချက်များကို ထောက်ခံခဲ့သည်။
ကြည့်ကောင်းတဲ့ မြန်မာ-စင်ကာပူ ခြေစမ်းပွဲ
Wednesday, September 12, 2012
စင်ကာပူနှင့် ခြေစမ်းမည့် မြန်မာအသင်းကို အသင်းကောင်းဟု ကမ္ဘောဇနည်းပြ သုံးသပ်
မြန်မာ လက်ရွေးစင် ဘောလုံး အသင်းသည် ပြီးခဲ့သော အာဆီယံဘောလုံး အဖွဲ့ချုပ် စူဇူကီးဖလားပွဲ သုံးကြိမ်တွင် အုပ်စုအဆင့် မကျော်နိုင်ခဲ့ဘဲ ယခုနှစ် ပြိုင်ပွဲ တွင်လည်း ခြေစမ်းပွဲအဆင့်မှ ၀င်ပြိုင်ရမည် ဖြစ်သော်ငြား မြန်မာအသင်းသည် အသင်းကောင်းတစ်သင်း ဖြစ်သည်ဟု ကမ္ဘောဇအသင်းမှ နည်းပြ ဆီဗာဂျီကပြောသည်။
နေမာ - ကျွန်တော်က စက်တစ်လုံး မဟုတ်ပါဘူး
နေမာဘရာဇီး အသင်း၏ ကြယ်ပွင့် ကစားသမား နေမာသည် တောင်အာဖရိက အသင်းနှင့် ခြေစမ်းပွဲ အပြီးတွင် ယင်းအား ဝေဖန်ခဲ့သည့် ပရိသတ်များကို ပြန်လည် တိုက်ခိုက် ပြောဆိုခဲ့သည်။ အဆိုပါ ပွဲစဉ်မှ နေမာ၏ ခြေစွမ်းအပေါ် ပရိသတ်များမှ ဝေဖန် ပြောဆိုခဲ့ကြပြီး နေမာမှ အဆိုပါ ဝေဖန်မှုများကို ပြန်လည် တုန့်ပြန်သည့် အနေဖြင့် သူ့အပေါ် ပရိသတ်များက လိုအပ်သည်ထက် ပိုမို၍ မျှော်လင့်ထားသည်ဟု ခံစားရကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ “တောင်အာဖရိကနဲ့ ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကျွန်တော် ခံစားနေရပါတယ်၊ ကျွန်တော်က စက်တစ်လုံး မဟုတ်ပါဘူး၊ သောကြာနေ့က ပွဲစဉ် အပြီးမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ၊ ကျွန်တော်”ဟု နေမာမှ ပြောကြားခဲ့သည်။
အင်္ဂလန် ကစားသမား ဘ၀မှ အနားယူရန် ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိဟု လမ်းပတ်ဖွင့်ဟ
လမ်းပတ်လမ်းပတ်မှ ယင်းသည် နိုင်ငံအသင်း ကစားသမား ဘ၀ကနေ အနားယူရန် ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ အင်္ဂလန် အသင်း အတွက် (၉၂)ပွဲ ကစားပေးထားပြီး (၂၅)ဂိုး သွင်းယူပေးထားသည့် လမ်းပတ်သည် ယူကရိန်းနှင့် ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် အင်္ဂလန် အသင်း၏ ဂိုးအများဆုံး သွင်းယူထားသည့် ကွင်းလယ် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခွင့် ရှိနေသူ ဖြစ်သည်။ လမ်းပတ်သည် အင်္ဂလန် ပရိသတ်များ၏ ဝေဖန်မှုကို ခံယူခဲ့ရဖူး သော်လည်း နိုင်ငံအသင်း အတွက် ကစားပေးရမည့် စိတ်ခံစားချက်သည် မည်သည့် အချိန်ကမှ ပျက်ဆီးခဲ့ဖူးခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ “ကျွန်တော့်ရဲ့ အင်္ဂလန် ကစားသမား ဘ၀အပေါ် အရမ်း ဂုဏ်ယူမိပါတယ်၊ အသက်ကြီးလာတဲ့ ကစားသမား တစ်ယောက် ခင်ဗျားတို့က အနားယူစေချင်ကြလိမ့်မယ် ကျွန်တော်ကတော့ အဲဒါကို စိတ်မ၀င်စား ပါဘူး”ဟု လမ်းပတ်မှ ESPNသို့ ပြောကြားခဲ့သည်။
မကြာမီတွင် ဘန်ဇီးမား၏ အကောင်းဆုံး ပုံစံကို မြင်တွေ့ရမည်ဟု ဇီဒန်းသုံးသပ်
ဇီဒန်းရီးရဲလ် အသင်း၏ တိုက်စစ်မှူး ဘန်ဇီးမားသည် ယင်း၏ အကောင်းဆုံး ပုံစံပြန်ရရန် အတွက် လိုအပ်နေသည်မှာ အချိန်သာ ဖြစ်သည်ဟု ဇီဒန်းမှ သုံးသပ်ပြောဆို ခဲ့သည်။ ဘန်ဇီးမားသည် ယခုနှစ် ဘောလုံးရာသီ အစမှ စတင်ပြီး ယခုချိန်ထိ ဂိုးပေါက်ပျောက်ဆုံးနေသူ ဖြစ်သော်လည်း ယင်း၏ တစ်နိုင်ငံတည်းသား ဖြစ်သူ ဇီဒန်းမှ အကောင်းမြင်နေပြီး မကြာမီတွင် ဘန်ဇီးမား၏ အကောင်းဆုံး ပုံစံကို ပြန်လည် မြင်တွေ့ရမည်ဟု သုံးသပ်ပြောဆို ခဲ့သည်။ “ဘန်ဇီးမားက ထိပ်တန်းပုံစံမှာ ရှိနေဆဲပါ၊ သူဟာ ထိပ်တန်း ကစားသမား ဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်၊ သူရီးရဲလ် နဲ့ ပြင်သစ် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသဖို့ အကြားစောင့်စားဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်”ဟု ဇီဒန်းမှ သတင်းစား ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းအား ပြန်လည်ကိုင်တွယ် ခွင့်ရရှိရန် ဘင်နီတက်ဇ်မျှော်လင့်ခဲ့
ဘင်နီတက်ဇ်လီဗာပူးလ် အသင်း၏ နည်းပြဟောင်း ဖြစ်သူ ဘင်နီတက်ဇ်သည် လီဗာပူးလ် အသင်းမှ နည်းပြ ဒဲလ်ဂလစ်ရှ်အား ထုတ်ပယ် ခဲ့ပြီးနောက် ယင်းအား ဆက်သွယ်ခဲ့ခြင်း မရှိမှုအပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
Saturday, September 8, 2012
ဘာစီလိုနာအသင်းတွင်သာ ကစားသမား ဘ၀ ကုန်ဆုံးလိုနေသည့် ဖာဘရီဂတ်စ်
ဖာဘရီဂတ်စ်သည် ဘာစီလိုနာ အသင်းနှင့် ကစားခွင့် ရရှိနေသည်ကို ပျော်ရွှင်နေပြီး ယင်း၏ ကစားသမား ဘ၀အား ဘာစီလိုနာ အသင်းတွင်သာ ကုန်ဆုံးလိုနေကြောင်း သိရသည်။ ဖာဘရီဂတ်စ်မှ ဆက်လက်ပြီး ပထမ အသင်းတွင် ကစားခွင့် ရနေသော်လည်း သူ၏ ခြေစွမ်းအပေါ် စိတ်ကျေနပ်မှု မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ “ဒီမှာ အကြာကြီးနေဖို့ ကျွန်တော် လာခဲ့တာပါ၊ လူတွေက ကျွန်တော်ဆီက အများကြီး လိုချင်ကြပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော့် အတွက် ကုန်ကျစရိတ်က များလို့ပါ၊ ကျွန်တော်ဒါကို လက်လျော့မှာ မဟုတ်ပါဘူး၊ ဘာစီလိုနာ အသင်းမှာပဲ အနားယူချင်ပါတယ်”ဟု ဖာဘရီဂတ်စ်မှ ပြောကြားခဲ့သည်။
မော်ရင်ဟို - ဘာစီလိုနာကို စိန်ခေါ်ချင်လို့ ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့တာပါ
မော်ရင်ဟိုနည်းပြ မော်ရင်ဟိုမှ ရီးရဲလ်အသင်းကို ကိုင်တွယ်နည်းပြရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဘာစီလိုနာ အသင်းအား စိန်ခေါ်ရန် ဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ မော်ရင်ဟိုမှ လာလီဂါ ပြိုင်ပွဲသည် ကမ္ဘာအကောင်းဆုံးလိဂ် ပြိုင်ပွဲဖြစ်ပြီး ယင်းကလပ် နှစ်သင်း၏ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းက ပြိုင်ပွဲအား ပိုမို အဆင့်မြင့်မားစေသည်ဟု ယူဆနေကြောင်း သိရသည်။ “ကျွန်တော်တို့က ဘာစီလိုနာ နဲ့ ရီးရဲလ် အသင်းအကြောင်းတွေ ပြောဆိုနေကြပါတယ် ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတွေ အဖြစ်ပေါ့၊ ကမ္ဘာပေါ်မှာ ရှိတဲ့ဘယ်အသင်းမဆို လာလီဂါမှာ လာပြိုင်မယ်ဆိုရင် အဆင့်(၂)အတွင်းဝင်မှာ မဟုတ်ပါဘူး၊ ဒါကပဲ ကျွန်တော် ရီးရဲလ်ကို ကိုင်တွယ်ရတဲ့ အကြောင်းအရင်း ဖြစ်ခဲ့ပါတယ် ဘာလို့လည်း ဆိုတော့ ဘာစီလိုနာ အသင်းကို အလွယ်တကူ စိန်ခေါ်နိုင်လို့ပါ”ဟု မော်ရင်ဟိုမှ ပြောကြားခဲ့သည်။
ချန်ပီယံဖြစ်လျှင် ကမ္ဘောဇဘောလုံးအသင်း ဆုကြေးကျပ်သိန်း ခြောက်ထောင်ရမည်
ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နေသော ကမ္ဘောဇ အသင်းအနေဖြင့် ချန်ပီယံဆုရရှိခဲ့ပါက  ဆုကြေးငွေသိန်း  ၆၀၀၀ ကျပ် ပေးသွားမှာဖြစ်ကြောင်း ကမ္ဘောဇအသင်း၏ ဥက္ကဋ္ဌ ဦးမိုးဆန်းအောင်က ပြောသည်။
Friday, September 7, 2012
ဖီဖာရွှေဘောလုံးဆု ရရှိသင့်သူများမှာ စပိန်ကစားသမားများသာ ဖြစ်သည်ဟု ဘလတ္တာယူဆ
ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာသည် ဖီဖာ ရွှေဘောလုံးဆုအား စပိန်အသင်း၏ ကစားသမား များသာ ရရှိသင့်သည်ဟု ယုံကြည်နေကြောင်း သိရသည်။ ဘလတ္တာသည် Marca သတင်းစာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အကြောင်းအရာများစွာကို ပြောကြားခဲ့ပြီး စပိန် ကစားသမာများကို ကြိုက်နှစ်သက်ကြောင်းကိုလည်း ဖုံးကွယ်ထားခြင်း မရှိပဲ ဖွင့်ဟ ပြောဆိုခဲ့သည်။ “ကျွန်တော် သူတို့ကို (စပိန် ကစားသမားတွေ) အရမ်းကြိုက်ပါတယ်၊ ဒီနှစ် ဥရောပ ချန်ပီယံရှစ် ဖလားကို ရပြီးတဲ့နောက်မှာ သူတွေက ဒီဆုအတွက် အရွေးချယ် ခံရသင့်ပါတယ်”ဟု ဘလတ္တာမှ ပြောကြားခဲ့သည်။ ဘလတ္တာမှ ဆက်လက်ပြီး ယင်းသည် ကာဆီးလက်စ် နှင့် ဇာဗီတို့နှစ်ဦး အတွက် လွန်စွာ ဂုဏ်ယူမိကြောင်းကိုလည်း ပြောကြားခဲ့သည်။
Thursday, September 6, 2012
ပရိသတ် သောင်းကြမ်းမှု ရတနာပုံအသင်း ဒဏ်ငွေဆောင်ရ
ရန်ကုန် (မဇ္ဈိမ) ။       ။ ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ သြဂုတ်လ ၁၉ ရက်နေ့ ကစားစဉ်အတွင်း ရတနာပုံအသင်းကို အားပေးသည့်ပရိသတ်မှ ကစားကွင်းအတွင်းသို့ ကျောက်ခဲ၊ ရေသန့်ဘူး၊ သစ်သားစငယ်များဖြင့် ပစ်ပေါက်ခြင်းကြောင့် ရတနာပုံအသင်းကို မြန်မာနေရှင်နယ်လိဂ်၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒဏ်ငွေ သုံးသိန်းပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်လိုက်သည်
Wednesday, September 5, 2012
အိုဝင်အား အသင်းသို့ ပြန်လည် ခေါ်ယူရန် စီစဉ်နေသည့် ရော်ဂျာ
လီဗာပူးလ် အသင်းနည်းပြ ရော်ဂျာ
လီဗာပူးလ် အသင်း၏ နည်းပြ ရော်ဂျာသည် အသင်း၏ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ကာကွယ်ရန် အတွက် မန်ယူ တိုက်စစ်မှူးဟောင်း အိုဝင်အား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်မှူး ကာရိုးအား အသင်းမှ ထွက်ခွာခွင့် ပြုရန်ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်းနှင့် အကယ်၍ ထွက်ခွာခွင့် ပြုခဲ့ပါက ပြန်လည် အစားထိုးနိုင်မည့် အခြေအနေတွင် မရှိကြောင်းကို သိနေခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်အတွက် လူရွေးချယ်ခွင့် လွန်စွာနည်းပါးနေခြင်းကြောင့် အသင်း၏ တိုက်စစ်မှူးဟောင်း ဖြစ်သူ အိုဝင်အား ခေါ်ယူရန် စဉ်းစားနေခြင်းလည်း ဖြစ်သည်။ အိုဝင်သည် လီဗာပူးလ် အသင်းတွင် ကစားခဲ့စဉ်က (၁၅၈)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး အသင်း 
ပရိသတ်များ၏ အချစ်တော် ကစားသမား ဖြစ်ခဲ့သည်။
ဖီနာဘီချီ အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည့် မီရားလက်စ်
မီရားလက်စ်
ချယ်လ်ဆီး အသင်း၏ ကွင်းလယ် ကစားသမား မီရားလက်စ်သည် အသင်းကို စွန့်ခွာ၍ ဖီနာဘီချီ အသင်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ချယ်လ်ဆီး ကလပ်ဘက်မှ အတည်ပြုခဲ့သည်။ ပြောင်းရွှေ့ကြေးအား ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပေါင် (၈)သန်း ၀န်းကျင်ရှိသည်ဟု ယုံကြည်ရပြီး မီရားလက်စ်သည် ဖီနာဘီချီ အသင်းနှင့် (၄)နှစ် စာချုပ်ခဲ့သည်။ မီရားလက်စ်သည် ပြီးခဲ့သော ရာသီက ပထမရာသီဝက်တွင် ပွဲတိုင်း ကစားခွင့် ရရှိခဲ့သော်လည်း ဒုတိယ ရာသီဝက်တွင် အရံကစားသမားသာ ဖြစ်ခဲ့ရပြီး (၃)ပွဲသာ လူစားဝင် ကစားခွင့် ရခဲ့သည်။ မီရားလက်စ်သည် ဖီနာဘီချီ အသင်းတွင် ယင်း၏ လီဗာပူးလ် 
အသင်းဖော်ဟောင်း ဖြစ်သူ ဒါ့ခ်ကုခ်ျနှင့် ပြန်လည် လက်တွဲ ကစားရမည် ဖြစ်သည်။
ဆောင်သမ်တန်အသင်းနှင့် ပွဲစဉ်မှ အသင်း၏ နောက်တန်းကစားပုံကို စိတ်ပျက်နေသည့် ဗီဒစ်
ဗီဒစ်
မန်ယူ အသင်း၏ နောက်ခံလူ ဗီဒစ်သည် ဆောက်သမ်တန် အသင်းအား အနိုင်ရခဲ့သည့် ပွဲစဉ်မှ အသင်း၏ နောက်တန်း ကစားပုံကို စိတ်ပျက်နေပြီး လာမည့် ပွဲအနည်းငယ် အတွင်း ကစားပုံ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မန်ယူ အသင်းသည် အဓိက ဗဟိုနောက်ခံလူ အတွဲ ဖြစ်သည့် ဖာဒီနန် နှင့် ဗီဒစ်တို့ နှစ်ဦးကို ပြန်လည် ပွဲထုတ်ခွင့် ရခဲ့သော်လည်း ဂိုးမပေးရရန် အတွက် မတတ်နိုင်ခဲ့ပဲ ဆောက်သမ်တန် အသင်း၏ သွင်းဂိုး (၂)ဂိုးကို ခွင့်ပြုခဲ့ရသည်။ “ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ကျွန်တော်တို့ နှစ်ဂိုးပေးခဲ့ရပြီး အဲဒီအပေါ်မှာ လုံးဝကျေနပ်မှု မရှိပါဘူး”ဟု ဗီဒစ်မှ ယင်း၏ခံစားချက်အား ဖွင့်ဟ ပြောဆိုခဲ့သည်။ ဗီဒစ်မှ ဆက်လက်ပြီး အသင်း၏ ကစားသမားများမှာ ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့ပြီး ကြံ့ခိုင်မှု ပြန်လည် တည်ဆောင်နေရခြင်းနှင့် တွဲဖက်ညီရန် အတွက် ပြန်လည် ကြိုးစားနေရခြင်းများကြောင့် ယခုလို ဖြစ်ရခြင်း ဖြစ်ပြီး လာမည့် 
ပွဲအနည်းငယ် အတွင်း ယခု ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရတနာပုံ နည်းပြချုပ်နှင့် လက်ထောက် ပွဲကြီးကြပ်ခွင့်ပိတ်ခံရ
ရန်ကုန် (မဇ္ဈိမ)။        ။ မြန်မာနေရှင်နယ်လိဂ် ဒိုင်လူကြီးများကို ဝေဖန်ပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရတနာပုံ အသင်းနည်းပြချုပ်နှင့် လက်ထောက်နည်းပြတို့နှစ်ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ဒဏ်ငွေလည်း တပ်လိုက်သည်။ 
Tuesday, September 4, 2012
စပါးစ်အသင်း ထိပ်ဆုံး(၄)သင်း စာရင်းဝင်မည်ဟု ရက်ဒ်နပ်သုံးသပ်
စပါးအသင်း မန်နေဂျာ ရက်ဒ်နပ်
စပါးစ် အသင်း၏ နည်းပြဟောင်း ဖြစ်သူ ရက်ဒ်နပ်မှ ယင်း၏ အသင်းဟောင်း စပါးစ်သည် ယခုနှစ် ရာသီတွင် ထိပ်သီး (၄)သင်း စာရင်းဝင်မည်ဟု သုံးသပ်ပြောဆို ခဲ့သည်။ စပါးစ် အသင်းသည် ယမန်နေ့က ကစားခဲ့သည့် နော့ဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် ဒမ်ဘီလီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း စနော့ဂရတ်၏ သွင်းဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရခြင်းကြောင့် သရေတစ်မှတ်သာယူနိုင် ခဲ့ပြီး နည်းပြသစ် ဘိုအာ့စ်၏ လက်ထက်တွင် ပထမဆုံး နိုင်ပွဲရရှိမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ BBC သတင်းဌာနမှ ရက်ဒ်နပ်အား ယင်း၏ အသင်းဟောင်း ယခုနှစ်ရာသီတွင် မည်သည့် အဆင့်၌ 
ရပ်တည်နိုင်မည်ကို မေမြန်းခဲ့ရာတွင် “ထိပ်ဆုံး (၄)သင်းပါ၊ ဘာအန္တရာယ်မှ မရှိပဲ”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဂိုးပေါက်ရှေ့တွင် အခွင့်အရေး ပိုမိုရယူနိုင်ရန် လိုအပ်သည်ဟု မန်ချီနီဖွင့်ဟ
မန်ချီနီ
မန်စီးတီး အသင်း၏ နည်းပြဖြစ်သူ မန်ချီနီမှ ယင်း၏ အသင်းသည် ချန်ပီယံ ဆုဖလားအား ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် ဂိုးရှေ့တွင် ယခုထက်ပို၍ ကောင်းမွန်ရန် လိုအပ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ မန်စီးတီး အသင်းသည် ယမန်နေ့က ကစားခဲ့သည့် ကျူပီအာ အသင်းနှင့် ပွဲစဉ်တွင် ယာယာတိုရေး၊ ဒီဇီကို နှင့် တီဗက်ဇ်တို့၏ သွင်းဂိုးများဖြင့် ဒုတိယမြောက် အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့သည်။ မန်ချီနီမှ ယင်း၏ အသင်းသည် ဆုဖလား ဆက်လက်ထိန်းသိမ်းရန် အတွက် ပွဲစဉ်များတွင် ရရှိသည့် အခွင့်အရေးများကို ရယူနိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ “ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်တယ်လို့ ထင်ပါတယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ ပြဿနာ တစ်ခုရှိနေပါတယ် ဘာလည်းဆိုတော့ ဂိုးသွင်းဖို့ အချိန်ရောက်လာရင် ဂိုးမသွင်းနိုင်တာပါပဲ၊ ကျွန်တော်တို့ရဲ့ ပထမဆုံး ပွဲစဉ်မှာကော လီဗာပူးလ်နဲ့ ပွဲစဉ်မှာပါ ဒီပြဿနာရှိနေခဲ့ပါတယ်”ဟု မန်ချီနီမှ ESPNသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ မန်စီးတီး အသင်းသည် လက်ရှိအချိန်တွင် သုံးပွဲ 
ကစားထားပြီး (၇)မှတ်ဖြင့် အမှတ်ပေး ဇယား စတုတ္တနေရာတွင် ရပ်တည်နေသည်။
မက်ဆီထက် စီရော်နယ်လ်ဒိုက ပိုကောင်းသည်ဟု ပီရီရာ ဝေဖန်သုံးသပ်
ပီရီရာ
ဗလင်စီယာ အသင်း၏ ညာနောက်ခံလူ ပီရီရာသည် ဘာစီလိုနာ အသင်းနှင့် ကစားရမည့် ပွဲစဉ် မတိုင်မီ စကားလုံး စစ်ထိုးမှု အနေဖြင့် စီရော်နယ်လ်ဒိုသည် မက်ဆီထက် ပိုမိုကောင်းမွန်သော ကစားသမား ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယခုနှစ် နွေရာသီတွင်မှ ဗလင်စီယာ အသင်းသို့ ယူရို (၃.၆)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာ ခဲ့သည့် ပီရီရာမှ သူ၏ နိုင်ငံ အသင်းဖော်သည် မက်ဆီနှင့် နှိုင်းယှဉ်ပါက ပိုမို ပြီးပြည့်စုံသည့် ကစားသမား ဖြစ်သည်ဟု ဝေဖန် ပြောဆိုခဲ့သည်။ “စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုကောင်းပါတယ် ဘာလို့လည်း ဆိုတော့ သူက ပိုပြီး ပြီးပြည့်စုံလို့ပါ”ဟု ပီရီရာမှ ပြောကြားခဲ့သည်။ ပီရီရာမှ ဆက်လက်ပြီး ဘာစီလိုနာနှင့် ကစားရမည့် ပွဲစဉ်မှာ ခက်ခဲသည့် စမ်းသပ်မှု ဖြစ်သည်သော်လည်း အကောင်းဆုံး ကြိုးစား ကစားမည် ဖြစ်ကာ 
ဘာမဆို ဖြစ်သွားနိုင်သည့် ပွဲစဉ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ရီးရဲလ်တွင် မပျော်မရွှင် ဖြစ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် စီရော်နယ်လ်ဒို
စီရော်နယ်လ်ဒို
ရီးရဲလ် ကစားသမား စီရော်နယ်လ်ဒိုသည် အသင်းတွင် မပျော်မရွှင် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ ဖွင့်ဟ ပြောဆိုခဲ့ပြီး ဂရန်နာဒါနှင့် ပွဲစဉ်တွင် ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့ခြင်းမှာ ယင်းအတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် အဆိုပါ ပွဲစဉ်တွင် နှစ်ဂိုးသွင်းခဲ့ပြီး အသင်းအတွက် ယခုနှစ် ရာသီ၏ ပထမဆုံး နိုင်ပွဲရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း ပျော်ရွှင်မှု ပျောက်ဆုံးနေခဲ့သည်။ စီရော်နယ်လ်ဒိုမှ “ကျွန်တော် ၀မ်းနည်းမိပါတယ် ဘာလို့လည်း ဆိုတော့ အသက်မွေး ၀မ်းကြောင်းဆိုင်ရာ ကိစ္စကြောင့်ပါ အသင်းက ဒါကို သိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် အောင်ပွဲမခံခဲ့တာပါ ကျွန်တော် မပျော်မရွှင် ဖြစ်နေလို့ပါ၊ ကလပ်မှာ ရှိနေတဲ့ လူတိုင်းက ဒါကို သိပါတယ် ကျွန်တော် ဒီ့ထက်ပိုပြီး မပြောချင်တော့ပါဘူး”ဟု 
ထုတ်ဖော် ပြောဆိုခဲ့သည်။
ဖာဂူဆန် - ဖူလ်ဟမ်နဲ့ ပွဲက အမှားကြောင့် ဒီဂီယာ နေရာပျောက် ခဲ့ရတာပါ
ဒီဂီယာ
မန်ယူ ဂိုးသမား ဒီဂီယာသည် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် ပွဲထွက်ကစားခွင့် မရရှိခဲ့ခြင်းမှာ ဖူလ်ဟမ်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်က အမှားကြောင့် ဖြစ်ကြောင်း ဖာဂူဆန်၏ ဖွင့်ဟ ပြောဆိုချက် အရ သိရသည်။ ဒီဂီယာသည် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် လင်းဒီဂတ်ဒ်နှင့် လူစားထိုးခြင်း ခံခဲ့ရပြီး ဖာဂူဆန်မှ ယင်းအား ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုးပေး ခဲ့ရခြင်း၏ ရလာဒ်ကြောင့် ယခုလို အရံခုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။ “ဒေးဗစ်လေးက ပြီးခဲ့တဲ့ အပတ်မှာ အမှားလုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူလည်း ဒါကိုသိပါတယ်၊ သူဟာ အကောင်းဆုံး ကာကွယ်မှုတွေ 
လုပ်ခဲ့ပေမယ့် တစ်ခုတည်းသော အမှားက ကျွန်တော့်တို့ အတွက် တန်ဖိုးကြီးမားလွန်း ပါတယ်”ဟု ဖာဂူဆန်မှ ပြောကြားခဲ့သည်။
တောင်ကိုရီးယား နိုင်ငံထုတ် အားကစားကွင်းသုံး ကြမ်းခင်း ပစ္စည်းများနှင့် မြက်ခင်းတုများ ဝင်ရောက်လာ
မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းသို့ တောင်ကိုရီးယား နိုင်ငံထုတ် အားကစားကွင်း သုံး ကြမ်းခင်း ပစ္စည်းများနှင့် မြက်ခင်းတုများ ပထမဆုံး အကြိမ် ဝင်ရောက်လာပြီး ထိုကဲ့သို့  တင်သွင်းရောင်းချခြင်းမှာ မြန်မာနိုင်ငံဖွံ့ ဖြိုး တိုးတက်မှူအတွက် အထောက်အကူပြုရန်ဖြစ် သည်ဟု တောင်ကိုရီးယား အခြေစိုက် Kangnam Chemical Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ၁၉-၈-၂၀၁၂ ရက်တွင်ပြောကြားခဲ့သည်။ "ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအားလုံးမှာ ကျောင်းကစားကွင်းတွေမှာပဲ ဖြစ်ဖြစ် ၊အားကစားကွင်းတွေမှာပဲ ဖြစ်ဖြစ် ဒီလို ဆီလီကွန် ပစ္စည်းအမျိုးအစားတွေကို ကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတယ်။ မြန်မာနိုင်ငံကလည်း ခေတ်မီဖွံ့ ဖြိုးတိုးတက်ဖို့ ဦးတည် ဆောင်ရွက်လာတဲ့ နိုင်ငံဖြစ်လို့ ဖွံ့ ဖြိုးတိုးတက်မှူ အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေဖို့ ဒီ ပစ္စည်းတွေကို ဖြန့် ဖြူးရောင်းချပေးတာပါ။