Tuesday, December 11, 2012

ချဲလ်ဆီးနည်းပြရာထူးကို ဂွါဒီရို လက်ခံပါဦးမည်လား


ချဲလ်ဆီးနည်းပြရာထူးကို ဂွါဒီရို လက်ခံပါဦးမည်လားစတန်းဖို့ဒ်ဘရစ်ခ်ျသို့ ရုရှား ဘီလျံနာအေဘရာမိုဗစ်ခ်ျ ရောက် ရှိခဲ့ပြီးနောက် အပြောင်းအလဲ ပြု ပ်ခဲသည့် နည်းပြများမှာ စုစုပေါင်း ကိုးဦးရှိခဲ့ပြီး လက်ရှိ အင်တာ နည်းပြဟောင်း ဘင်နီတက်ဇ်မှာ နဝမမြောက် ချဲလ်ဆီးနည်းပြပင် ဖြစ်သည်။
ချဲလ်ဆီးအား ချန်ပီယံ လိဂ် ဆုဖလားရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သော်လည်း လတ် တလော ရလဒ်များကို စိတ်ပျက် သည့်အတွက် ယခင်နည်းပြ ဒီမက် တီရို အထုတ်ပယ်ခံရခြင်းဖြစ်ပြီး ယခုဘင်နီတက်ဇ်နှင့်လည်း ခြောက် လစာချုပ်သာ ချုပ်ဆိုထားရာ ချဲလ် ဆီးသို့ ထပ်မံရောက်ရှိလာမည့် မန်နေဂျာအဖြစ် ဂွါဒီရိုလာ ရေပန်း စားနေကြောင်း သိရသည်။ ယခင် ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီ ရိုလာအား ခေါ်ယူရန် ရုရှားဘီလျံ နာ စိတ်ထက်သန်နေသော်ငြား အပြောင်းအလဲ မြန်သည့် ၄င်း၏ စိတ်နေသဘောထားကြောင့် အေဘရာမိုဗစ်ခ်ျ၏ ကမ်းလှမ်းချက်ကို ဂွါဒီရိုလာ အချိန်ယူစဉ်းစားဖွယ် ရှိနေကြောင်း ဘောလုံးရပ်ကွက် သတင်းအချို့က ဆိုလာပါသည်။ ဘာစီလိုနာအား စံချိန်တင် ဆု ဖလားများ ပိုင်ဆိုင် ခွင့်ရရှိအောင် ဦးဆောင်ခဲ့သူ ဂွါဒီရိုလာကို ချဲလ် ဆီးပရိသတ်အများစုက အလိုရှိနေ ကြောင်းလည်း သိရသည်။

No comments:

Post a Comment