Tuesday, December 11, 2012

Capital one၊ စပိန်နှင့် အီတလီ ဖလားလုပွဲများမှအောင်မြင်မှုရှာဖွေခြင်း


ဒီဇင်ဘာ ( ၁၂ ) ( ၁၃ )နဲ့ (၁၄)ညမှာကန်မယ့် ပရီးမီးယားလိဂ်ပွဲကျန် ဆန်းဒါးလန်း-ရီးဒင်းပွဲမှာတော့ အိမ်ရှင် ဆန်းဒါးလန်းအသင်းက နေထိုင်သင့်ပြီး England Capital One League Cup၊Spanish Cup နဲ့ Italian Cup တို့ရဲ့ အနိုင်ရနိုင်ခြေအများဆုံးအသင်းတွေနဲ့ ဂိုးခန့်မှန်းရလဒ်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ England League Cup ကတော့ အသင်းကြီးတွေ သိပ်မမက်မောလှတာကြောင့် လူငယ်တွေနဲ့ပဲ ပွဲထွက်လာမယ်လို့ မျှော်လင့် ရပါတယ်။ ပွဲပန်းနေတဲ့ ဒီဇင်ဘာ ကာလဖြစ်တာကြောင့် သတိထားနိုင်မှ အဆင်ပြေပါမယ်။

ချဲလ်ဆီးနည်းပြရာထူးကို ဂွါဒီရို လက်ခံပါဦးမည်လား


ချဲလ်ဆီးနည်းပြရာထူးကို ဂွါဒီရို လက်ခံပါဦးမည်လားစတန်းဖို့ဒ်ဘရစ်ခ်ျသို့ ရုရှား ဘီလျံနာအေဘရာမိုဗစ်ခ်ျ ရောက် ရှိခဲ့ပြီးနောက် အပြောင်းအလဲ ပြု ပ်ခဲသည့် နည်းပြများမှာ စုစုပေါင်း ကိုးဦးရှိခဲ့ပြီး လက်ရှိ အင်တာ နည်းပြဟောင်း ဘင်နီတက်ဇ်မှာ နဝမမြောက် ချဲလ်ဆီးနည်းပြပင် ဖြစ်သည်။

PGA ရာသီပိတ်ပြိုင်ပွဲတွင် မက်အီရွိုင်း လက်စွမ်းပြဗိုလ်စွဲ


PGA ရာသီပိတ်ပြိုင်ပွဲတွင် မက်အီရွိုင်း လက်စွမ်းပြဗိုလ်စွဲ ယခုနှစ် PGA ဂေါက်သီး ပြိုင်ပွဲရာသီ ရာသီပိတ်ပြိုင်ပွဲဖြစ် သည့် ဒီပီဝေါလ်တိုး
တံခွန်စိုက် အမျိုးသား ဂေါက်သီးပြိုင်ပွဲတွင် မြောက်အိုင်ယာလန်ဂေါက်သီးငွေ ကြယ်ပွင့် ရွိုင်မက်အီရွိုင်းမှ လက် စွမ်းပြသနိုင်ခဲ့ပြီး ၄ ရက်တာ စုစု ပေါင်း ရိုက်ချက် ၂၆၅ ချက်ဖြင့် ဗိုလ်စွဲကာ ချန်ပီယံ ဆုဖလားနှင့် ဆုကြေး ၁ ဒသမ ၆ သန်း ပိုင်ဆိုင် နိုင်ခဲ့ကြောင်း သတင်းများက ဖော် ပြလာပါသည်။

ယမန်နှစ်က အရှုံးရလာဒ်များကို တနင်္ဂနွေနေ့တွင် လက်စားပြန်ချေမည်ဟု ဂစ်ကြုံးဝါး


ယမန်နှစ်က အရှုံးရလာဒ်များကို တနင်္ဂနွေနေ့တွင် လက်စားပြန်ချေမည်ဟု ဂစ်ကြုံးဝါးယမန်နှစ် ရာသီက မန်စီးတီး အသင်းအား နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ခြင်းသည် မန်ယူ အသင်း ပရီးမီးယားလိဂ် ဆုဖလားကို လက်လွှတ်ရခြင်း၏ အဓိက အကြောင်းအရာ ဖြစ်သည်ဟု ဂစ်မှ ၀န်ခံပြောဆို ခဲ့ပြီး ယခုနှစ် ရာသီတွင် ဆုဖလား ပြန်လည် ရယူနိုင်သည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။

ဆစ်ဂ်ညာ - အာဆင်နယ်မှာ ကစားရတဲ့ ဘ၀ကို ကျွန်တော်ပျော်ရွှင်နေပါတယ်


Sagnaစာချုပ်သစ် အတွက် ဆွေးနွေးရာတွင် နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် မပျော်မရွှင် ဖြစ်နေသည်ဆိုသော သတင်းများကို ဆစ်ဂ်ညာမှ ငြင်းဆိုခဲ့ပြီး အာဆင်နယ်တွင် ကစားရသည့် ဘ၀ကို ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

Saturday, September 15, 2012

ဝင်းဂါး - အကယ်၍ ဆစ်ဂ်ညာ မပျော် ရွှင်ဘူးဆိုရင် ထွက်ခွာနိုင်ပါတယ်

အာဆင်ဝင်းဂါးအာဆင်နယ် နည်းပြ ၀င်းဂါးမှ အသင်း၏ အပြောင်းအရွှေ့ ပေါ်လစီနှင့် ပတ်သက်၍ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့် ဆစ်ဂ်ညာ၏ လုပ်ရပ်မှာ မှားယွင်းသည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းနောက်ခံလူနှင့် အာဆင်နယ် အသင်းတို့၏ အနာဂတ်မှာ မရေရာသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ၀င်းဂါးသည် ဆစ်ဂ်ညာ အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ရန် ယခုချိန်ထိ မျှော်လင့်ထား သော်လည်း ယင်း၏ ဝေဖန်မှုနှင့် ပတ်သက်၍ စိတ်အနှောက်အယှက် ဖြစ်မိကြောင်း ပြောဆိုခဲ့သည်။ “ဘယ်ကစားသမား ဘယ်အလုပ်သမား မဆို သူလုပ်တဲ့ အလုပ်ဖက်က ကာကွယ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်၊ အကယ်၍ အဲဒီအပေါ်မှာ မပျော်ရွှင်တော့ဘူး ဆိုရင်တော့ သူဟာ နောက်တစ်နေရာကို ပြောင်းရမှာပါ”ဟု ၀င်းဂါးမှ ပြောဆိုခဲ့သည်။ ၀င်းဂါးမှ ဆက်လက်၍ ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရသည့် ၀ီလ်ရှိုင်းယားသည် ပြန်လည် ကစားရန် အတွက် လွန်စွာ နီးကပ်သော အနေအထားသို့ ရောက်ရှိနေပြီဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

Friday, September 14, 2012

ရီးရဲလ် နှင့် စီရော်နယ်လ်ဒိုတို့ မည်သည့် ပြဿနာမှ မရှိဟု ကာဆီးလက်စ်ဖွင့်ဟ

ကစားဖော် နှစ်ဦး အတူတူ အောင်ပွဲခံနေကြစဉ်
ရီးရဲလ် အသင်းခေါင်းဆောင် ကာဆီးလက်စ်သည် အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်သူ စီရော်နယ်လ်ဒို အသင်းတွင် မပျော်မရွှင် ဖြစ်နေသည် ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။ အဆိုပါ သတင်းများသည် စီရော်နယ်လ်ဒိုမှ ၀မ်းနည်းနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ပျံ့နှံ့လာခဲ့သည့် သတင်းများ ဖြစ်သည်။ သို့သော်လည်း ကာဆီးလက်စ်မှ စီရော်နယ်လ်ဒိုသည် အသင်းနှင့် မည်သည့် ပြဿနာမှ မရှိဟု ယုံကြည်နေပြီး ယင်း၏ အမြင်နှင့် အသင်းမှ ကစားသမားတိုင်း၏ အမြင်မှ တူညီသည်ဟုလည်း ယုံကြည်နေကြောင်း သိရသည်။ “ခရစ္စတီယာနိုက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ဆီဗီးလားနဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားပါတယ် ကျွန်တော်တို့ ဒီထက်ပိုပြီး အမှတ်ဆုံးရှုံးလို့ မရတော့ပါဘူး အနိုင်ကစားရမှာပါ။ ခရစ္စတီယာနိုက မက်ဒရစ်မှ ဆက်နေရတာကို ပျော်ရွှင်နေမှာပါ ပရိသတ်တွေကလည်း သူရှိနေလို့ ပျော်ရွှင်နေမှာပါ”ဟု ကာဆီးလက်စ်မှ ပြောကြားခဲ့သည်။