Wednesday, September 12, 2012

မကြာမီတွင် ဘန်ဇီးမား၏ အကောင်းဆုံး ပုံစံကို မြင်တွေ့ရမည်ဟု ဇီဒန်းသုံးသပ်


ဇီဒန်းရီးရဲလ် အသင်း၏ တိုက်စစ်မှူး ဘန်ဇီးမားသည် ယင်း၏ အကောင်းဆုံး ပုံစံပြန်ရရန် အတွက် လိုအပ်နေသည်မှာ အချိန်သာ ဖြစ်သည်ဟု ဇီဒန်းမှ သုံးသပ်ပြောဆို ခဲ့သည်။ ဘန်ဇီးမားသည် ယခုနှစ် ဘောလုံးရာသီ အစမှ စတင်ပြီး ယခုချိန်ထိ ဂိုးပေါက်ပျောက်ဆုံးနေသူ ဖြစ်သော်လည်း ယင်း၏ တစ်နိုင်ငံတည်းသား ဖြစ်သူ ဇီဒန်းမှ အကောင်းမြင်နေပြီး မကြာမီတွင် ဘန်ဇီးမား၏ အကောင်းဆုံး ပုံစံကို ပြန်လည် မြင်တွေ့ရမည်ဟု သုံးသပ်ပြောဆို ခဲ့သည်။ “ဘန်ဇီးမားက ထိပ်တန်းပုံစံမှာ ရှိနေဆဲပါ၊ သူဟာ ထိပ်တန်း ကစားသမား ဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်၊ သူရီးရဲလ် နဲ့ ပြင်သစ် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသဖို့ အကြားစောင့်စားဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်”ဟု ဇီဒန်းမှ သတင်းစား ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment