Saturday, September 8, 2012

မော်ရင်ဟို - ဘာစီလိုနာကို စိန်ခေါ်ချင်လို့ ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့တာပါ


မော်ရင်ဟိုနည်းပြ မော်ရင်ဟိုမှ ရီးရဲလ်အသင်းကို ကိုင်တွယ်နည်းပြရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဘာစီလိုနာ အသင်းအား စိန်ခေါ်ရန် ဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ မော်ရင်ဟိုမှ လာလီဂါ ပြိုင်ပွဲသည် ကမ္ဘာအကောင်းဆုံးလိဂ် ပြိုင်ပွဲဖြစ်ပြီး ယင်းကလပ် နှစ်သင်း၏ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းက ပြိုင်ပွဲအား ပိုမို အဆင့်မြင့်မားစေသည်ဟု ယူဆနေကြောင်း သိရသည်။ “ကျွန်တော်တို့က ဘာစီလိုနာ နဲ့ ရီးရဲလ် အသင်းအကြောင်းတွေ ပြောဆိုနေကြပါတယ် ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းတွေ အဖြစ်ပေါ့၊ ကမ္ဘာပေါ်မှာ ရှိတဲ့ဘယ်အသင်းမဆို လာလီဂါမှာ လာပြိုင်မယ်ဆိုရင် အဆင့်(၂)အတွင်းဝင်မှာ မဟုတ်ပါဘူး၊ ဒါကပဲ ကျွန်တော် ရီးရဲလ်ကို ကိုင်တွယ်ရတဲ့ အကြောင်းအရင်း ဖြစ်ခဲ့ပါတယ် ဘာလို့လည်း ဆိုတော့ ဘာစီလိုနာ အသင်းကို အလွယ်တကူ စိန်ခေါ်နိုင်လို့ပါ”ဟု မော်ရင်ဟိုမှ ပြောကြားခဲ့သည်။

No comments:

Post a Comment