Friday, September 7, 2012

ဖီဖာရွှေဘောလုံးဆု ရရှိသင့်သူများမှာ စပိန်ကစားသမားများသာ ဖြစ်သည်ဟု ဘလတ္တာယူဆ


ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာသည် ဖီဖာ ရွှေဘောလုံးဆုအား စပိန်အသင်း၏ ကစားသမား များသာ ရရှိသင့်သည်ဟု ယုံကြည်နေကြောင်း သိရသည်။ ဘလတ္တာသည် Marca သတင်းစာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အကြောင်းအရာများစွာကို ပြောကြားခဲ့ပြီး စပိန် ကစားသမာများကို ကြိုက်နှစ်သက်ကြောင်းကိုလည်း ဖုံးကွယ်ထားခြင်း မရှိပဲ ဖွင့်ဟ ပြောဆိုခဲ့သည်။ “ကျွန်တော် သူတို့ကို (စပိန် ကစားသမားတွေ) အရမ်းကြိုက်ပါတယ်၊ ဒီနှစ် ဥရောပ ချန်ပီယံရှစ် ဖလားကို ရပြီးတဲ့နောက်မှာ သူတွေက ဒီဆုအတွက် အရွေးချယ် ခံရသင့်ပါတယ်”ဟု ဘလတ္တာမှ ပြောကြားခဲ့သည်။ ဘလတ္တာမှ ဆက်လက်ပြီး ယင်းသည် ကာဆီးလက်စ် နှင့် ဇာဗီတို့နှစ်ဦး အတွက် လွန်စွာ ဂုဏ်ယူမိကြောင်းကိုလည်း ပြောကြားခဲ့သည်။