Tuesday, September 4, 2012

စပါးစ်အသင်း ထိပ်ဆုံး(၄)သင်း စာရင်းဝင်မည်ဟု ရက်ဒ်နပ်သုံးသပ်

စပါးအသင်း မန်နေဂျာ ရက်ဒ်နပ်
စပါးစ် အသင်း၏ နည်းပြဟောင်း ဖြစ်သူ ရက်ဒ်နပ်မှ ယင်း၏ အသင်းဟောင်း စပါးစ်သည် ယခုနှစ် ရာသီတွင် ထိပ်သီး (၄)သင်း စာရင်းဝင်မည်ဟု သုံးသပ်ပြောဆို ခဲ့သည်။ စပါးစ် အသင်းသည် ယမန်နေ့က ကစားခဲ့သည့် နော့ဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် ဒမ်ဘီလီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း စနော့ဂရတ်၏ သွင်းဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရခြင်းကြောင့် သရေတစ်မှတ်သာယူနိုင် ခဲ့ပြီး နည်းပြသစ် ဘိုအာ့စ်၏ လက်ထက်တွင် ပထမဆုံး နိုင်ပွဲရရှိမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ BBC သတင်းဌာနမှ ရက်ဒ်နပ်အား ယင်း၏ အသင်းဟောင်း ယခုနှစ်ရာသီတွင် မည်သည့် အဆင့်၌ 
ရပ်တည်နိုင်မည်ကို မေမြန်းခဲ့ရာတွင် “ထိပ်ဆုံး (၄)သင်းပါ၊ ဘာအန္တရာယ်မှ မရှိပဲ”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဂိုးပေါက်ရှေ့တွင် အခွင့်အရေး ပိုမိုရယူနိုင်ရန် လိုအပ်သည်ဟု မန်ချီနီဖွင့်ဟ

မန်ချီနီ
မန်စီးတီး အသင်း၏ နည်းပြဖြစ်သူ မန်ချီနီမှ ယင်း၏ အသင်းသည် ချန်ပီယံ ဆုဖလားအား ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် ဂိုးရှေ့တွင် ယခုထက်ပို၍ ကောင်းမွန်ရန် လိုအပ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ မန်စီးတီး အသင်းသည် ယမန်နေ့က ကစားခဲ့သည့် ကျူပီအာ အသင်းနှင့် ပွဲစဉ်တွင် ယာယာတိုရေး၊ ဒီဇီကို နှင့် တီဗက်ဇ်တို့၏ သွင်းဂိုးများဖြင့် ဒုတိယမြောက် အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့သည်။ မန်ချီနီမှ ယင်း၏ အသင်းသည် ဆုဖလား ဆက်လက်ထိန်းသိမ်းရန် အတွက် ပွဲစဉ်များတွင် ရရှိသည့် အခွင့်အရေးများကို ရယူနိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ “ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်တယ်လို့ ထင်ပါတယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ ပြဿနာ တစ်ခုရှိနေပါတယ် ဘာလည်းဆိုတော့ ဂိုးသွင်းဖို့ အချိန်ရောက်လာရင် ဂိုးမသွင်းနိုင်တာပါပဲ၊ ကျွန်တော်တို့ရဲ့ ပထမဆုံး ပွဲစဉ်မှာကော လီဗာပူးလ်နဲ့ ပွဲစဉ်မှာပါ ဒီပြဿနာရှိနေခဲ့ပါတယ်”ဟု မန်ချီနီမှ ESPNသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ မန်စီးတီး အသင်းသည် လက်ရှိအချိန်တွင် သုံးပွဲ 
ကစားထားပြီး (၇)မှတ်ဖြင့် အမှတ်ပေး ဇယား စတုတ္တနေရာတွင် ရပ်တည်နေသည်။

မက်ဆီထက် စီရော်နယ်လ်ဒိုက ပိုကောင်းသည်ဟု ပီရီရာ ဝေဖန်သုံးသပ်

ပီရီရာ
ဗလင်စီယာ အသင်း၏ ညာနောက်ခံလူ ပီရီရာသည် ဘာစီလိုနာ အသင်းနှင့် ကစားရမည့် ပွဲစဉ် မတိုင်မီ စကားလုံး စစ်ထိုးမှု အနေဖြင့် စီရော်နယ်လ်ဒိုသည် မက်ဆီထက် ပိုမိုကောင်းမွန်သော ကစားသမား ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယခုနှစ် နွေရာသီတွင်မှ ဗလင်စီယာ အသင်းသို့ ယူရို (၃.၆)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာ ခဲ့သည့် ပီရီရာမှ သူ၏ နိုင်ငံ အသင်းဖော်သည် မက်ဆီနှင့် နှိုင်းယှဉ်ပါက ပိုမို ပြီးပြည့်စုံသည့် ကစားသမား ဖြစ်သည်ဟု ဝေဖန် ပြောဆိုခဲ့သည်။ “စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုကောင်းပါတယ် ဘာလို့လည်း ဆိုတော့ သူက ပိုပြီး ပြီးပြည့်စုံလို့ပါ”ဟု ပီရီရာမှ ပြောကြားခဲ့သည်။ ပီရီရာမှ ဆက်လက်ပြီး ဘာစီလိုနာနှင့် ကစားရမည့် ပွဲစဉ်မှာ ခက်ခဲသည့် စမ်းသပ်မှု ဖြစ်သည်သော်လည်း အကောင်းဆုံး ကြိုးစား ကစားမည် ဖြစ်ကာ 
ဘာမဆို ဖြစ်သွားနိုင်သည့် ပွဲစဉ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ရီးရဲလ်တွင် မပျော်မရွှင် ဖြစ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် စီရော်နယ်လ်ဒို

စီရော်နယ်လ်ဒို
ရီးရဲလ် ကစားသမား စီရော်နယ်လ်ဒိုသည် အသင်းတွင် မပျော်မရွှင် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ ဖွင့်ဟ ပြောဆိုခဲ့ပြီး ဂရန်နာဒါနှင့် ပွဲစဉ်တွင် ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့ခြင်းမှာ ယင်းအတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် အဆိုပါ ပွဲစဉ်တွင် နှစ်ဂိုးသွင်းခဲ့ပြီး အသင်းအတွက် ယခုနှစ် ရာသီ၏ ပထမဆုံး နိုင်ပွဲရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း ပျော်ရွှင်မှု ပျောက်ဆုံးနေခဲ့သည်။ စီရော်နယ်လ်ဒိုမှ “ကျွန်တော် ၀မ်းနည်းမိပါတယ် ဘာလို့လည်း ဆိုတော့ အသက်မွေး ၀မ်းကြောင်းဆိုင်ရာ ကိစ္စကြောင့်ပါ အသင်းက ဒါကို သိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် အောင်ပွဲမခံခဲ့တာပါ ကျွန်တော် မပျော်မရွှင် ဖြစ်နေလို့ပါ၊ ကလပ်မှာ ရှိနေတဲ့ လူတိုင်းက ဒါကို သိပါတယ် ကျွန်တော် ဒီ့ထက်ပိုပြီး မပြောချင်တော့ပါဘူး”ဟု 
ထုတ်ဖော် ပြောဆိုခဲ့သည်။

ဖာဂူဆန် - ဖူလ်ဟမ်နဲ့ ပွဲက အမှားကြောင့် ဒီဂီယာ နေရာပျောက် ခဲ့ရတာပါ

ဒီဂီယာ
မန်ယူ ဂိုးသမား ဒီဂီယာသည် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် ပွဲထွက်ကစားခွင့် မရရှိခဲ့ခြင်းမှာ ဖူလ်ဟမ်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်က အမှားကြောင့် ဖြစ်ကြောင်း ဖာဂူဆန်၏ ဖွင့်ဟ ပြောဆိုချက် အရ သိရသည်။ ဒီဂီယာသည် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် လင်းဒီဂတ်ဒ်နှင့် လူစားထိုးခြင်း ခံခဲ့ရပြီး ဖာဂူဆန်မှ ယင်းအား ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုးပေး ခဲ့ရခြင်း၏ ရလာဒ်ကြောင့် ယခုလို အရံခုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။ “ဒေးဗစ်လေးက ပြီးခဲ့တဲ့ အပတ်မှာ အမှားလုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူလည်း ဒါကိုသိပါတယ်၊ သူဟာ အကောင်းဆုံး ကာကွယ်မှုတွေ 
လုပ်ခဲ့ပေမယ့် တစ်ခုတည်းသော အမှားက ကျွန်တော့်တို့ အတွက် တန်ဖိုးကြီးမားလွန်း ပါတယ်”ဟု ဖာဂူဆန်မှ ပြောကြားခဲ့သည်။

တောင်ကိုရီးယား နိုင်ငံထုတ် အားကစားကွင်းသုံး ကြမ်းခင်း ပစ္စည်းများနှင့် မြက်ခင်းတုများ ဝင်ရောက်လာ


မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းသို့ တောင်ကိုရီးယား နိုင်ငံထုတ် အားကစားကွင်း သုံး ကြမ်းခင်း ပစ္စည်းများနှင့် မြက်ခင်းတုများ ပထမဆုံး အကြိမ် ဝင်ရောက်လာပြီး ထိုကဲ့သို့  တင်သွင်းရောင်းချခြင်းမှာ မြန်မာနိုင်ငံဖွံ့ ဖြိုး တိုးတက်မှူအတွက် အထောက်အကူပြုရန်ဖြစ် သည်ဟု တောင်ကိုရီးယား အခြေစိုက် Kangnam Chemical Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ၁၉-၈-၂၀၁၂ ရက်တွင်ပြောကြားခဲ့သည်။ "ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအားလုံးမှာ ကျောင်းကစားကွင်းတွေမှာပဲ ဖြစ်ဖြစ် ၊အားကစားကွင်းတွေမှာပဲ ဖြစ်ဖြစ် ဒီလို ဆီလီကွန် ပစ္စည်းအမျိုးအစားတွေကို ကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတယ်။ မြန်မာနိုင်ငံကလည်း ခေတ်မီဖွံ့ ဖြိုးတိုးတက်ဖို့ ဦးတည် ဆောင်ရွက်လာတဲ့ နိုင်ငံဖြစ်လို့ ဖွံ့ ဖြိုးတိုးတက်မှူ အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေဖို့ ဒီ ပစ္စည်းတွေကို ဖြန့် ဖြူးရောင်းချပေးတာပါ။