
စပါးစ် အသင်း၏ နည်းပြဟောင်း ဖြစ်သူ ရက်ဒ်နပ်မှ ယင်း၏ အသင်းဟောင်း စပါးစ်သည် ယခုနှစ် ရာသီတွင် ထိပ်သီး (၄)သင်း စာရင်းဝင်မည်ဟု သုံးသပ်ပြောဆို ခဲ့သည်။ စပါးစ် အသင်းသည် ယမန်နေ့က ကစားခဲ့သည့် နော့ဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် ဒမ်ဘီလီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း စနော့ဂရတ်၏ သွင်းဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရခြင်းကြောင့် သရေတစ်မှတ်သာယူနိုင် ခဲ့ပြီး နည်းပြသစ် ဘိုအာ့စ်၏ လက်ထက်တွင် ပထမဆုံး နိုင်ပွဲရရှိမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ BBC သတင်းဌာနမှ ရက်ဒ်နပ်အား ယင်း၏ အသင်းဟောင်း ယခုနှစ်ရာသီတွင် မည်သည့် အဆင့်၌
ရပ်တည်နိုင်မည်ကို မေမြန်းခဲ့ရာတွင် “ထိပ်ဆုံး (၄)သင်းပါ၊ ဘာအန္တရာယ်မှ မရှိပဲ”ဟု ပြန်လည် ဖြေကြားခဲ့သည်။
No comments:
Post a Comment