Wednesday, September 12, 2012

အင်္ဂလန် ကစားသမား ဘ၀မှ အနားယူရန် ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိဟု လမ်းပတ်ဖွင့်ဟ

လမ်းပတ်လမ်းပတ်မှ ယင်းသည် နိုင်ငံအသင်း ကစားသမား ဘ၀ကနေ အနားယူရန် ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ အင်္ဂလန် အသင်း အတွက် (၉၂)ပွဲ ကစားပေးထားပြီး (၂၅)ဂိုး သွင်းယူပေးထားသည့် လမ်းပတ်သည် ယူကရိန်းနှင့် ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် အင်္ဂလန် အသင်း၏ ဂိုးအများဆုံး သွင်းယူထားသည့် ကွင်းလယ် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခွင့် ရှိနေသူ ဖြစ်သည်။ လမ်းပတ်သည် အင်္ဂလန် ပရိသတ်များ၏ ဝေဖန်မှုကို ခံယူခဲ့ရဖူး သော်လည်း နိုင်ငံအသင်း အတွက် ကစားပေးရမည့် စိတ်ခံစားချက်သည် မည်သည့် အချိန်ကမှ ပျက်ဆီးခဲ့ဖူးခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ “ကျွန်တော့်ရဲ့ အင်္ဂလန် ကစားသမား ဘ၀အပေါ် အရမ်း ဂုဏ်ယူမိပါတယ်၊ အသက်ကြီးလာတဲ့ ကစားသမား တစ်ယောက် ခင်ဗျားတို့က အနားယူစေချင်ကြလိမ့်မယ် ကျွန်တော်ကတော့ အဲဒါကို စိတ်မ၀င်စား ပါဘူး”ဟု လမ်းပတ်မှ ESPNသို့ ပြောကြားခဲ့သည်။

No comments:

Post a Comment