Tuesday, September 4, 2012

မက်ဆီထက် စီရော်နယ်လ်ဒိုက ပိုကောင်းသည်ဟု ပီရီရာ ဝေဖန်သုံးသပ်

ပီရီရာ
ဗလင်စီယာ အသင်း၏ ညာနောက်ခံလူ ပီရီရာသည် ဘာစီလိုနာ အသင်းနှင့် ကစားရမည့် ပွဲစဉ် မတိုင်မီ စကားလုံး စစ်ထိုးမှု အနေဖြင့် စီရော်နယ်လ်ဒိုသည် မက်ဆီထက် ပိုမိုကောင်းမွန်သော ကစားသမား ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယခုနှစ် နွေရာသီတွင်မှ ဗလင်စီယာ အသင်းသို့ ယူရို (၃.၆)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာ ခဲ့သည့် ပီရီရာမှ သူ၏ နိုင်ငံ အသင်းဖော်သည် မက်ဆီနှင့် နှိုင်းယှဉ်ပါက ပိုမို ပြီးပြည့်စုံသည့် ကစားသမား ဖြစ်သည်ဟု ဝေဖန် ပြောဆိုခဲ့သည်။ “စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုကောင်းပါတယ် ဘာလို့လည်း ဆိုတော့ သူက ပိုပြီး ပြီးပြည့်စုံလို့ပါ”ဟု ပီရီရာမှ ပြောကြားခဲ့သည်။ ပီရီရာမှ ဆက်လက်ပြီး ဘာစီလိုနာနှင့် ကစားရမည့် ပွဲစဉ်မှာ ခက်ခဲသည့် စမ်းသပ်မှု ဖြစ်သည်သော်လည်း အကောင်းဆုံး ကြိုးစား ကစားမည် ဖြစ်ကာ 
ဘာမဆို ဖြစ်သွားနိုင်သည့် ပွဲစဉ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

No comments:

Post a Comment