Thursday, September 13, 2012
ခြေစစ်ပွဲအောင်မြင်ရန် ခရီးအရှည်ကြီး ကျန်နေသေးသည်ဟု ကာပယ်လိုဖွင့်ဟ
ကာပယ်လိုကမ္ဘာ့ဖလား ခြေစစ်ပွဲ၏ အုပ်စုအဖွင့် ပွဲစဉ်နှစ်ပွဲစလုံးတွင် အနိုင်ရရှိထား သော်လည်း ရုရှား အသင်းအတွက် ခြေစစ်ပွဲအောင်မြင်ရန် ခရီးအရှည်ကြီး ကျန်ရှိနေသေးကြောင်း ကာပယ်လိုမှ ပြောကြားခဲ့သည်။ ၀ါရင့်နည်းပြ တစ်ဦးဖြစ်သည့် ကာပယ်လိုသည် ရုရှားအသင်းအား အုပ်စုအဖွင့် ပွဲစဉ်များတွင် အမြင့်ဆုံး ရရှိနိုင်မည့် ရမှတ်ကို ရယူပေးထားနိုင်သူ ဖြစ်သည်။ သို့သော်လည်း ကာပယ်လိုမှ ရုရှားအသင်း၏ ယခုအောင်မြင်မှုများ အပေါ် သာယာနေခြင်း မရှိပဲ ဆက်လက်ဖြတ်သန်းရမည့် ခြေစစ်ပွဲစဉ်များ အတွက်သာ အာရုံစိုက်ထားကြောင်း သိရသည်။ “ကျွန်တော်တို့ အတွက် ခရီးအရှည်ကြီး ကျန်နေပါသေးတယ်”ဟု ကာပယ်လိုမှ ပြောကြားခဲ့သည်။
ဗန်ပါစီ ဒဏ်ရာရရှိခဲ့သည် ဆိုခြင်းကို ဗန်ဂါးလ်ငြင်းဆို
vangal
မန်ယူ အသင်း၏ တိုက်စစ်မှူး ဖြစ်သူ ဗန်ပါစီသည် ဟော်လန်အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၏ ပထမပိုင်းတွင် လူစားလဲခြင်း ခံခဲ့ရပြီး ပေါင်ဒဏ်ရာ ရရှိနေသည်ဟု သံသယ ဖြစ်နေကြသော်လည်း နည်းပြ ဗန်ဂါးလ်မှ ယင်းသတင်းများကို ငြင်းဆိုခဲ့ပြီး ယခုလို ပြုလုပ်ခြင်းမှာ ကြိုတ
င်ကာကွယ်မှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဗန်ပါစီသည် ဟန်ဂေရီ အသင်း၏ နောက်ခံလူ ဂျူဟတ်ဇ်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဟန်တယ်လာနှင့် လူစားလဲ ခံခဲ့ရခြင်း ဖြစ်သည်။ ဗန်ဂါးလ်မှ “ကျွန်တော်တို့ ဗန်ပါစီကို လူစားလဲခဲ့တာ ကြိုတင်ကာကွယ်မှု ပြုလုပ်တာပါ၊ ဘာမှကြီးကြီးမားမား ဖြစ်သွားတယ်လို့ မထင်ပါဘူး၊ ကျွန်တော်တို့ ဘာစွန့်စားမှုမှ မပြုလုပ်ချင်လို့ ဒီလိုလုပ်လိုက်တာပါ”ဟု ပြောကြားခဲ့သည်။
ဂျော်ဂျီယာအသင်း၏ နောက်တန်း ကစားဟန်အား ပြစ်တင်ပြောဆိုခဲ့သည့် ရာမို့စ်
ရာမိုစ့်ရာမို့စ်သည် ဂျော်ဂျီယာ အသင်းအား (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ပြိုင်ဘက်အသင်း၏ နောက်တန်း ကစားပုံနှင့် ဆိုးဝါးသော ကွင်းမျက်နှာပြင် အနေအထားကို အပြစ်တင် ပြောဆိုခဲ့သည်။ ရာမို့စ်မှ ဂျော်ဂျီယာ အသင်း၏ နောက်တန်း ကစားပုံနှင့် ဆိုးဝါးသော ကွင်းမျက်နှာပြင် အနေအထားကြောင့် ယခုလို ကျဉ်းမြောင်းသော အနိုင်ရလာဒ်သာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆနေခြင်းလည်း ဖြစ်သည်။ “ဂျော်ဂျီယာအသင်း ဘယ်လို ကစားမလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး၊ သူတို့အသင်းရဲ့ နောက်တန်း ကစားဟန်က ကျွန်တော်တို့ အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်၊ ပြီးတော့ ကွင်းအနေအထားကလည်း ကျွန်တော်တို့ရဲ့ ကစားဟန် အတွက် မကိုက်ညီခဲ့ပါဘူး”ဟု ရာမို့စ်မှ ပြောဆိုခဲ့သည်။ ယခုပွဲစဉ်၏ တစ်လုံးတည်းသော ဂိုးသွင်းရှင် ဆိုလ်ဒါဒိုကလည်း ရာမို့စ် ပြောဆိုချက်များကို ထောက်ခံခဲ့သည်။
ကြည့်ကောင်းတဲ့ မြန်မာ-စင်ကာပူ ခြေစမ်းပွဲ