Tuesday, December 11, 2012

ဆစ်ဂ်ညာ - အာဆင်နယ်မှာ ကစားရတဲ့ ဘ၀ကို ကျွန်တော်ပျော်ရွှင်နေပါတယ်


Sagnaစာချုပ်သစ် အတွက် ဆွေးနွေးရာတွင် နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် မပျော်မရွှင် ဖြစ်နေသည်ဆိုသော သတင်းများကို ဆစ်ဂ်ညာမှ ငြင်းဆိုခဲ့ပြီး အာဆင်နယ်တွင် ကစားရသည့် ဘ၀ကို ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

ဆစ်ဂ်ညာ၏ လက်ရှိ စာချုပ်သက်တမ်းမှာ (၂၀၁၄)ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်ကာ အသင်းမှ ယင်းအား (၁)နှစ် သက်တမ်းတိုး စာချုပ်ဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းကြောင့် မပျော်မရွှင် ဖြစ်နေသည်ဟူသော သတင်းများကို ဆစ်ဂ်ညာမှ ငြင်းဆိုခဲ့ပြီး သူခြေထောက်ကျိုးသည့် နှစ်ကြိမ်စလုံးတွင် အသင်းမှ ပံ့ပိုးမှုများကို ပြန်လည် ပေးဆပ်ချင်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော် ဘောလုံးပြန်ကစားနိုင်တာကော အာဆင်နယ် အတွက် ကစားပေးနေရတာကိုပါ ပျော်ရွှင်နေပါတယ်”ဟု ဆစ်ဂ်ညာမှ ဖွင့်ဟပြောဆိုခဲ့သည်။
ပြီးခဲ့သော အောက်တိုဘာလက ခြေထောက်ကျိုးသည့် ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့သော ဆစ်ဂ်ညာသည် ယခုနှစ် ရာသီတွင် ပြိုင်ပွဲ အရပ်ရပ်၌ (၇)ပွဲ ပါဝင်ကစားထားသည်။

No comments:

Post a Comment