Saturday, September 15, 2012

ဝင်းဂါး - အကယ်၍ ဆစ်ဂ်ညာ မပျော် ရွှင်ဘူးဆိုရင် ထွက်ခွာနိုင်ပါတယ်

အာဆင်ဝင်းဂါးအာဆင်နယ် နည်းပြ ၀င်းဂါးမှ အသင်း၏ အပြောင်းအရွှေ့ ပေါ်လစီနှင့် ပတ်သက်၍ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့် ဆစ်ဂ်ညာ၏ လုပ်ရပ်မှာ မှားယွင်းသည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းနောက်ခံလူနှင့် အာဆင်နယ် အသင်းတို့၏ အနာဂတ်မှာ မရေရာသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ၀င်းဂါးသည် ဆစ်ဂ်ညာ အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ရန် ယခုချိန်ထိ မျှော်လင့်ထား သော်လည်း ယင်း၏ ဝေဖန်မှုနှင့် ပတ်သက်၍ စိတ်အနှောက်အယှက် ဖြစ်မိကြောင်း ပြောဆိုခဲ့သည်။ “ဘယ်ကစားသမား ဘယ်အလုပ်သမား မဆို သူလုပ်တဲ့ အလုပ်ဖက်က ကာကွယ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်၊ အကယ်၍ အဲဒီအပေါ်မှာ မပျော်ရွှင်တော့ဘူး ဆိုရင်တော့ သူဟာ နောက်တစ်နေရာကို ပြောင်းရမှာပါ”ဟု ၀င်းဂါးမှ ပြောဆိုခဲ့သည်။ ၀င်းဂါးမှ ဆက်လက်၍ ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရသည့် ၀ီလ်ရှိုင်းယားသည် ပြန်လည် ကစားရန် အတွက် လွန်စွာ နီးကပ်သော အနေအထားသို့ ရောက်ရှိနေပြီဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

No comments:

Post a Comment