Tuesday, September 4, 2012

ဖာဂူဆန် - ဖူလ်ဟမ်နဲ့ ပွဲက အမှားကြောင့် ဒီဂီယာ နေရာပျောက် ခဲ့ရတာပါ

ဒီဂီယာ
မန်ယူ ဂိုးသမား ဒီဂီယာသည် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် ပွဲထွက်ကစားခွင့် မရရှိခဲ့ခြင်းမှာ ဖူလ်ဟမ်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်က အမှားကြောင့် ဖြစ်ကြောင်း ဖာဂူဆန်၏ ဖွင့်ဟ ပြောဆိုချက် အရ သိရသည်။ ဒီဂီယာသည် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် လင်းဒီဂတ်ဒ်နှင့် လူစားထိုးခြင်း ခံခဲ့ရပြီး ဖာဂူဆန်မှ ယင်းအား ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုးပေး ခဲ့ရခြင်း၏ ရလာဒ်ကြောင့် ယခုလို အရံခုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။ “ဒေးဗစ်လေးက ပြီးခဲ့တဲ့ အပတ်မှာ အမှားလုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူလည်း ဒါကိုသိပါတယ်၊ သူဟာ အကောင်းဆုံး ကာကွယ်မှုတွေ 
လုပ်ခဲ့ပေမယ့် တစ်ခုတည်းသော အမှားက ကျွန်တော့်တို့ အတွက် တန်ဖိုးကြီးမားလွန်း ပါတယ်”ဟု ဖာဂူဆန်မှ ပြောကြားခဲ့သည်။

No comments:

Post a Comment