Tuesday, September 4, 2012

တောင်ကိုရီးယား နိုင်ငံထုတ် အားကစားကွင်းသုံး ကြမ်းခင်း ပစ္စည်းများနှင့် မြက်ခင်းတုများ ဝင်ရောက်လာ


မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းသို့ တောင်ကိုရီးယား နိုင်ငံထုတ် အားကစားကွင်း သုံး ကြမ်းခင်း ပစ္စည်းများနှင့် မြက်ခင်းတုများ ပထမဆုံး အကြိမ် ဝင်ရောက်လာပြီး ထိုကဲ့သို့  တင်သွင်းရောင်းချခြင်းမှာ မြန်မာနိုင်ငံဖွံ့ ဖြိုး တိုးတက်မှူအတွက် အထောက်အကူပြုရန်ဖြစ် သည်ဟု တောင်ကိုရီးယား အခြေစိုက် Kangnam Chemical Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ၁၉-၈-၂၀၁၂ ရက်တွင်ပြောကြားခဲ့သည်။ "ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအားလုံးမှာ ကျောင်းကစားကွင်းတွေမှာပဲ ဖြစ်ဖြစ် ၊အားကစားကွင်းတွေမှာပဲ ဖြစ်ဖြစ် ဒီလို ဆီလီကွန် ပစ္စည်းအမျိုးအစားတွေကို ကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတယ်။ မြန်မာနိုင်ငံကလည်း ခေတ်မီဖွံ့ ဖြိုးတိုးတက်ဖို့ ဦးတည် ဆောင်ရွက်လာတဲ့ နိုင်ငံဖြစ်လို့ ဖွံ့ ဖြိုးတိုးတက်မှူ အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေဖို့ ဒီ ပစ္စည်းတွေကို ဖြန့် ဖြူးရောင်းချပေးတာပါ။
မြန်မာနိုင်ငံမှာ ကုမ္ပဏီ လာမဖွင့်ပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ Maw Tim Co.,Ltd နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမှာ ပါဟု ၄င်းကပြောကြားသည်။တောင်ကိုရီးယား နိုင်ငံ Kangnam Chemical Co.Ltd မှ မြန်မာနိုင်ငံသို့  စတင်မိတ်ဆက် တင်သွင်းခဲ့သည့် ပစ္စည်းများမှာ အားကစားကွင်းများ တွင် အသုံးပြုသော ကြမ်းခင်းပစ္စည်းများ အဆောက်အအုံများ၏ အမိုးများ မြေအောက်ခန်း များ နံရံများ ရေလှောင်ကန်များ ရေချိုးခန်းနှင့် အိမ်သာများတွင် ရေမစိမ့်စေရန် အသုံးပြုသော ပစ္စည်းများ ၊ ဓာတုဗေဒပစ္စည်းဒဏ် ခံနိုင်ပြီး ကားပါကင် များတွင် ကြမ်းခင်း အဖြစ် အသုံးပြုသော ပစ္စည်းများ ၊ စက်ရုံ ၊ အလုပ်ရုံ ၊ဆေးရုံ ၊ကျောင်းဂိုထောင်ကြမ်းခင်းအဖြစ် အသုံးပြုသော ပစ္စည်းများ ဆီလီကွန်အမျိုးမျိုး နှင့် ဘောလုံးကွင်းသုံး မြက်ခင်းတုများ ဖြစ်ကြောင်း သိရသည်။ "ဒီပစ္စည်းများက ကျန်းမာရေးနဲ့ သင့်တော်အောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပြီးတော့ အာမခံချက်လည်း အပြည့် အဝပေးနိုင်ပါတယ်။ မြက်ခင်းတု ဆိုရင်လည်း အမျိုးအစား သုံးမျိုးရှိပြီး တကယ့် Professional ဘောလုံးကွင်းတွေမှာ သုံးတဲ့ မြက်ခင်းတုဆိုရင်လည်း ချော်မလဲအောင် လို့ သေချာစွာ ပြုလုပ်ထားတယ်။ အားကစားကွင်း ဘေးပတ်လမ်းတွေမှာရှိတဲ့ ပြေးလမ်းကြောင်းမှာခင်းတဲ့ ပစ္စည်းဆိုရင်လည်း ရုတ်တရက် လဲကျသွားရင် မနာသွားအောင်လို့  ပြုလုပ်ပေးထားတယ်။ Maw Tin ကုမ္ပဏီ အနေနဲ့ လည်း ဒီပစ္စည်းတွေကို ဈေးနှူန်းချို သာစွာနဲ့ ဝန်ဆောင်မှူပေးသွားဖို အစီအစဉ်ရှိပါတယ်" ဟု မောင်တင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောသည်။

No comments:

Post a Comment