Tuesday, December 11, 2012

PGA ရာသီပိတ်ပြိုင်ပွဲတွင် မက်အီရွိုင်း လက်စွမ်းပြဗိုလ်စွဲ


PGA ရာသီပိတ်ပြိုင်ပွဲတွင် မက်အီရွိုင်း လက်စွမ်းပြဗိုလ်စွဲ ယခုနှစ် PGA ဂေါက်သီး ပြိုင်ပွဲရာသီ ရာသီပိတ်ပြိုင်ပွဲဖြစ် သည့် ဒီပီဝေါလ်တိုး
တံခွန်စိုက် အမျိုးသား ဂေါက်သီးပြိုင်ပွဲတွင် မြောက်အိုင်ယာလန်ဂေါက်သီးငွေ ကြယ်ပွင့် ရွိုင်မက်အီရွိုင်းမှ လက် စွမ်းပြသနိုင်ခဲ့ပြီး ၄ ရက်တာ စုစု ပေါင်း ရိုက်ချက် ၂၆၅ ချက်ဖြင့် ဗိုလ်စွဲကာ ချန်ပီယံ ဆုဖလားနှင့် ဆုကြေး ၁ ဒသမ ၆ သန်း ပိုင်ဆိုင် နိုင်ခဲ့ကြောင်း သတင်းများက ဖော် ပြလာပါသည်။
လက်ရှိ ကမ္ဘာ့ အဆင့် ၁ ဂေါက်သီးစူပါစတား မက်အီရွိုင်၏ အောင်ပွဲအား Girl Friend ဒိန်းမတ်သူ ဝူဇနီရာစကီး ကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး စူပါမောင်နှံ၏ အကြင်နာပေးဟန် သည် ပါပရာဇီများအကြိုက်တွေ့ စရာ ဖြစ်ခဲ့ရပေသည်။ သတ်မှတ် ရိုက်ချက်အောက် ၂၃ ချက် လျော့ ရိုက်နိုင်ခဲ့သူ မက်အီရွိုင်းက "ကမ္ဘာ့ ထိပ်တန်း အများစု လာရောက် ယှဉ်ပြိုင်တဲ့ပွဲမှာ ဗိုလ်စွဲခွင့်ရတာ အရမ်းကြည်နူးပီတိ ဖြစ်ရပါတယ်၊ ကမ္ဘာ့အဆင့် ၁ နေရာမှာ ဆက် လက် ရပ်တည်ခွင့်ရတာကိုလည်း ဝမ်းမြောက် ဂုဏ်ယူမိပါတယ်၊ လက်ထပ်ဖို့တော့ အချိန်ယူရဦးမှာ ပါ၊ အိမ်ထောင်ကျပြီးရင်တော့ ဒိန်းမတ် လိုက်နေဖြစ်ဖို့ များပါ တယ်" ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment