
ယခုနှစ် ရာသီ၏ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲစဉ်အား လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီး အသင်း၏ အိမ်ကွင်း၌ ကစားရမည်ဖြစ်ကာ ယမန်နှစ် ရာသီက အဆိုပါ ဒါဘီပွဲစဉ်တွင် မန်ယူ အသင်းက(၁-၀)ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ဂစ်မှ ယမန်နှစ် ရာသီက အရှုံးရလာဒ်ကို ယခု တနင်္ဂနွေနေ့တွင် ပြန်လည် လက်စားချေမည်ဟု ကြုံးဝါးခဲ့သည်။
ဂစ်မှ “သူတို့အသင်းနဲ့ ကစားရမယ့် နှစ်ပွဲက မနှစ်က ရာသီနဲ့ ကွာခြားပါလိမ့်မယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ ရလာဒ်ကို ရယူနိုင်မယ်လို့ ယုံကြည်နေပြီး ရာသီကုန်မှာ မတူညီတဲ့ ရလာဒ်ထွက်ပေါ်လာ ပါလိမ့်မယ်”ဟု ကြုံးဝါးပြောဆိုခဲ့သည်။
No comments:
Post a Comment